Just a blogger's zerozone

မောင်သုည ငါးမျှားထွက်ခြင်း

ခုတလော လုပ်မအားတာနဲ့ပဲ ဒီဘလော့လေးကို ပစ်ထားတာ နည်းနည်းကြာသွားတယ် ထင်ပါရဲ့။ ညီမနှစ်ဝမ်းကွဲလေး အိမ်ဂျယ်လ် ကလဲ ခဏခဏလာချောင်းတယ်ဆိုပဲ…. ကျွန်တော်ကလဲ စိတ်ထဲမှာပဲ စာတွေရေးနေမိတာကိုး။

တင်လိုက်တဲ့ပို့စ်တွေကလဲ တစ်နေ့တစ်ပုဒ် မှန်နေရာဗျ…အိပ်မက်ထဲမှာ ပြောပါတယ်။

ဒီပို့စ်လေးကတော့ မောင်သုညတို့သူငယ်ချင်းတွေစုပြီး ငါးမျှားထွက်ကြတဲ့အတွေ့အကြုံလေးပါဗျာ။
မနှစ်က ဒီလိုဆောင်းဦးပေါက်အချိန်မှာ သူငယ်ချင်းတွေစုပြီး ငါးသွားမျှားကြမယ်ဆိုတာနဲ့ ကျွန်တော်လဲ အလုပ်ကပြန်တာနဲ့ သူတို့ငါးမျှားနေကြတဲ့ Al Maktoum တံတားကြီးကို လိုက်သွားတာပေါ့ဗျာ။

အခန်းဖော်သူငယ်ချင်းတွေ ဒီတံတားမှာ ငါးမျှားနေကျဆိုတော့ သူတို့က အရင်ရောက်နှင့်နေတာပေါ့။ ငါးမမျှားရတာကြာပြီဆိုတော့ အခုလို တံတားကြီးအောက်မှာ ငါးညှီနံ့လေး တသင်းသင်းနဲ့ ငါးမျှားရတဲ့အချိန်မှာ ရွာမှာတုန်းက ငါးမျှားခဲ့ကြတဲ့ အတွေ့အကြုံလေးတွေကို သတိရပြီး ရွာကိုလဲ လွမ်းလာတယ်ဗျာ။

ကျွန်တော်တို့အဖွဲ့က စုစုပေါင်း လေးယောက် ငါးမျှားတံက နှစ်ချောင်းတည်းပါလာတာမို့ အရင်ရောက်နှင့်တဲ့ သူငယ်ချင်းနှစ်ယောက် ငါးမိမယ့် အချိန်ကိုစောင့်ရတာပေါ့ဗျာ။

ဗိုက်ကလဲဆာလာတာမို့ အိတ်ထဲမှာပါလာတဲ့ မုန့်တွေစားလိုက် ဟိုဟိုဒီဒီငေးလိုက်နဲ့ ကိုယ့်အလှည့်ရောက်ဖို့ကို တော်တော်စောင့်လိုက်ရတယ်ဗျ။ စိတ်မရှည်တာမို့ သူငယ်ချင်းလက်ထဲက ငါးမျှားတံကို ဆွဲလုဖို့အထိ စိတ်ကူးမိပေမယ့် သူကလဲ သူ့စိတ်ကူးလေးနဲ့သူဆိုတော့ မနှောင့်ယှက်ချင်တာနဲ့ပဲ ငြိမ်ပြီးစောင့်နေရတာပေါ့။

သူတို့သုံးတဲ့ငါးစာကလဲ ရန်ကုန်မှာလို တီကောင်တွေ မဟုတ်ဘူးဗျ။ ရေခဲသေတ္တာထဲက ပုဇွန်ထုတ်ကြီးတွေကို ထုတ်လာပြီး ပုဇွန်တွေကို မကြီးမသေး အတုံးလေးတွေတုံးပြီး ငါးစာလုပ်ရတာဗျ။

တံတားကြီးအောက်မှာ ဟိုငေးဒီငေးနဲ့ ငေးနေတုန်း မော်တော်လေးတစ်စီး ဗောတံတားမှာလာကပ်တာကို တွေ့လိုက်တယ်ဗျ။ပြီးတော့ ငါးမျှားနေတဲ့ ကျွန်တော့်သူငယ်ချင်းတွေ မော်တော်ထဲကို လိုက်ဆင်းသွားပါလေရောဗျ။ကျွန်တော်လဲ ဘာမှန်းမသိတာ့ ထိုင်ကြည့်နေတာပေါ့ဗျာ။ သိပ်မကြာဘူး မော်တော်လဲထွက်သွားရော ကျွန်တော်တို့ရဲ့ ငါးမျှားတံတွေလဲ တစ်ချောင်းမှ မကျန်တော့ဘူးဗျ။ ကျွန်တော်လဲ ငါးမမျှားလိုက်ရဘူးဆိုပါတော့ဗျာ။

စောစောတုန်းက ငါးမျှားနေတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ မချိပြုံးပြုံးလို့။ အားလားလား လက်စသတ်တော့ ငါးဖမ်းလိုင်စင် မရှိပဲ ငါးမျှားမိလို့ အဖမ်းခံရတာဗျ။

ကျွန်တော်လဲ အခုမှကြားဘူးတယ်ဗျာ။ ကြံကြံဖန်ဖန်ဗျာ ဒီမှာက လိုင်စင်မရှိရင် ငါးတောင်မျှားလို့မရဘူးဆိုပဲ။ ကျွန်တော်တို့ရွာမှာဆို ဘယ်နားသွားမျှားမျှား လိုင်စင်မှမလိုတာ။ မြောင်းကြိုမြောင်းကြား ချောင်းကြိုချောင်းကြား မျှားချင်ရာမျှား အလကားပဲဗျ။
အခုတော့ လိုင်စင်မရှိလို့တဲ့ ငါးမျှားတံတွေလဲ အသိမ်းခံရသေး ပြီးတော့ ဒဏ်ငွေလဲဆောင်ရသေး။ ကျွန်တော်တို့ သူငယ်ချင်းတွေကတော့ ဒဏ်ကြေးပေးစရာ ပိုက်ဆံအဆင်သင့်ပါမလာတာမို့ ID ကဒ်လေးပေးလိုက်ရတယ်ဗျ။

ဒီမှာ မရှိမဖြစ်အရေးကြီးတဲ့ IDကို ပြန်လိုချင်ရင် နှစ်ရက်အတွင်း ရုံးမှာ ပိုက်ဆံနဲ့ပြန်သွားရွေးရမယ်ဆိုတော့ ပျော်စရာကြီးဗျ။

နောက်ဆုံးတော့ ငါးမမျှားရပေမယ့် ငါးမျှားဖော်ငါးမျှားဘက် သူငယ်ချင်းတွေရဲ့ အရေးကိစ္စ ဆိုတော့ ဒဏ်ငွေဆောင်ရန်ကျွန်တော့်မှာလဲ တာဝန်ရှိပါသည်ဆိုပြီး ချစ်သူနှစ်ဝမ်းကွဲရဲ့ဘဏ်မှာ ပိုက်ဆံထုတ်တာပေါ့ဗျာ။

ဘဏ်မှာငွေထုတ်ဖို့အရေး ဆင်ခြေလှလှပေးတော့ ချစ်သူက မျက်လုံးအပြူးသားနဲ့ ကျွန်တော့်ကို ဆူပါလေရောဗျာ။
ပေးလိုက်တဲ့ ဆင်ခြေကိုလဲ ကြည့်အုံးလေ…နှစ်ဝမ်းကွဲချစ်သူတွေ ဆိုပေမယ့် အဖမ်းခံရတယ်ပြောဖို့ရာ ရှက်နေတာနဲ့ပဲ ငါးမျှားရင်း ရေထဲကို ငါးမျှားတံ ပြုန်ကျလို့ လျှော်ရမယ် ဆိုပြီး ခပ်တည်တည်နဲ့ ယုံအောင်ရွှီးရတာကိုးဗျ။

ငယ်ငယ်က ဖတ်ဘူးတဲ့ မောင်သောင်းဖေရဲ့ ဇာတ်လမ်းထဲကလို လောဂရာသန်စာအုပ်ကြီးကျကွဲခိုင်းရတာမျိုးဗျ။
ဒါပေမယ့်လဲ မမချောက သူငယ်ချင်းအရင်းကြီးတွကို အလျှော်တောင်းရကောင်းလား ဘာညာနဲ့ ပွစိပွစိ ပြောတာပေါ့ဗျာ။

ကျွန်တော်ကလဲ သူငယ်ချင်းရဲ့ ID ကဒ်လေးမြင်ယောင်ပြီး မရရအောင် ပြောရတာပေါ့ဗျာ။။။
ဒါပေမယ့် ကျွန်တော်ကပဲ လိမ်တာ မပိရိတာလား မသိပါဘူး ပိုက်ဆံတော့ရပါရဲ့ မပြောချင်လို့ ဖုံးကွယ်ထားတဲ့ အဖမ်းခံရတဲ့ ကိစ္စကြီး ပြူတစ်ပြူတစ်နဲ့ ပေါ်လာပါလေရောဗျို့။။။။

အခုတော့ အဲဒီတံတားကြီးပေါ်က ဖြတ်သွားတိုင်း ငါးမျှားခဲ့ဘူးတဲ့ အတွေ့အကြုံလေးကို သတိရပြီး တစ်ယောက်တည်း ပြုံးမိတယ်ဗျ။

သုညကမ္ဘာကို လာလည်သူတိုင်း ပျော်ရွှင်ပါစေ...
အညတြလေးရဲ့အိမ်မှာ

8 comments:

Angel Shaper said...
October 25, 2009 at 1:10 AM

တစ် ပါ ခင်ဗျ။

Angel Shaper said...
October 25, 2009 at 1:10 AM

နှစ် လဲ ရပါတယ် ခင်ဗျ။

Angel Shaper said...
October 25, 2009 at 1:11 AM

သုံးလဲ ရတယ်နော့်။

Angel Shaper said...
October 25, 2009 at 1:12 AM

လေးယူလို့လဲ အပြစ်မယူစေချင်။ ဟင်ဟင်

Angel Shaper said...
October 25, 2009 at 1:13 AM

ငါးးးးးးးးးးးး ယူပြီးသောင်းကျန်းတယ်လို့လဲ အပြစ်မမြင်စေချင်။ ဟိဟိ

Angel Shaper said...
October 25, 2009 at 1:14 AM

ဟိဟိ ခုဖတ်နေပြီနော်။ လိုက်နှောက်ယှက်ကြနဲ့ ။

Angel Shaper said...
October 25, 2009 at 1:22 AM

အော်.... အကိုတော် လိမ်တာ ညာတာမကောင်းဘူးနော်။ သတိကြပ်ကြပ်ထားးးးး
ရော်စရာပိုက်ဆံမရှိရင် နောက်တစ်ခါ ဟိုမျှား ဒီမျှား မမျှားနဲ့ (ငါးပြောပါတယ်)။ ဟဲဟဲ
ဒါပဲပြောမယ်။
ခုဟာက ငါးမျှားတဲ့ အတွေ့ အကြုံဆိုတော့ နောက်တစ်ခါဆို လူမျှားတာလား အဲလေ.... နောက်တစ်ခါဆို ဆင်ဖမ်းတာလား ကျားဖမ်းတာလားးးး အဲလိုအတွေ့ အကြုံလဲ ရှိတယ်မလားးး ဟဲဟဲ ညာရဘူးနော် မှန်မှန်ပြော။ ဒါပဲ။ ပြန်ဘီ။ တာတာ..
လက်ကီး ဆဲဗင်းးး ယူပြီး ပြန်ဘီ ဟိဟိ။

Sein Lyan Tun said...
October 25, 2009 at 1:53 AM

ငယ်ငယ်က ငါးမျှားဖူးတယ်..

ငါးမိလို့ ဝမ်းသာအားရ အဖေ့ကိုပြေးပြောတော့ အဖေက ရိုက်တယ်...

လာခဲ့တဲ့... အဲဒီငါးမျှားချိတ် သားပါးစပ်မှာ ချိတ်ရင်ဘယ်လိုနေမလဲစမ်းမယ်ဆိုကတည်းက
နောက်ပိုင်း ငါးမမျှားရဲတော့ဘူး...

ခုထိသတိတရ...

သူငယ်ချင်းတွေနဲ့လိုက်သွားရင်လဲ ငါးမရပါစေနဲ့ ဆုတောင်းရတာအမော... အဟဟ


ချစ်ခင်စွာဖြင့်

ဖိုးစိန်

Post a Comment