တကယ်လို့များ ကမ္ဘာကြီးပျက်ခဲ့မယ် ဆိုရင်ပေါ့
ပျက်မယ်ထင်ပါဘူးဗျာ။ ကျွန်တော့် အကိုက မှာထားတယ်ဗျ။ သူများယောင်တိုင်း လိုက်မယောင်နဲ့တဲ့……ဒါပေမယ့် တက်ဂ်တဲ့သူက တက်ဂ်တော့လဲ ကြံဖန်ရေးရတာပေါ့ဗျာ..
၁။ ဘယ်သူတွေနဲ့ရှိနေချင်ပါသလဲ
ကိုယ်တိုင်ကတော့ မကြောက်ပါဘူး.. ကြောက်လန့်နေမယ့် မြန်မာပြည်က ပြည်သူပြည်သားတွေနဲ့အတူ ရှိနေချင်ပါတယ်.. အဓိကကတော့ မိသားစုနဲ့အတူတူ ပြီးတော့ …..သူ နဲ့အတူတူ…
၂။ ဘာတွေခံစားနေရမလဲမသိဘူးနော်
မြန်မာပြည်သူတွေကို စိုးရိမ်တဲ့ စိတ်တွေပေါ့… ဘာမှ နားမလည်နိုင်တဲ့ သတ္တဝါတွေကိုလဲ သနားနေမိမယ်ထင်ပါတယ်… ပြီးတော့ ချစ်သူက သွေးမြင်ရင်လန့်တတ်တယ် သူ့အတွက်လဲ စိုးရိမ်နေမိမယ်ထင်တယ်…
၃။ ပြင်ဆင်ထားချင်တာတော့
အချစ်ရယ်ပေါင်မုန့်တစ်လုံးရယ်…
၎။ ၀မ်းနည်းမိမှာလားဆိုတော့
ဝမ်းနည်းမိမယ် ထင်တာပဲဗျ… ကျွန်တော်က မျက်ရည်လွယ်တယ် သနားတတ်တယ်လေ… (တခါတုန်းက သူငယ်ချင်းတစ်ယောက် အသည်းကွဲတော့ သူနဲ့တူတူ လိုက်ငိုဘူးသေးတယ်)
၅။ ကြောက်လန့်မိမလားမသိဘူး
ပြောလို့တော့ မရဘူးလေ ကြောက်ချင်ကြောက်နေမှာပေါ့… မျက်စိရှေ့မှာ ကမ္ဘာပျက်တာ မြင်နေရတယ် လူတွေ ဒုက္ခရောက်နေမယ် အော်ဟစ်ငိုကြွေးနေမယ်…. ရေကြီးမလား မီးတောင်ပေါက်မလား မြေပြိုမလား မှန်းလို့မှမရပဲနော်… ခုတောင်တွေးရင် ကြောက်နေသလိုလိုပဲ…
၆။ ကိုယ်နဲ့အတူ ဆောင်ထားချင်တာ၊ ရှိနေချင်တာက
အဖော်လေ (တလွဲမတွေးနဲ့နော် လက်တွဲဖော်လေး ရယ်) ရွာဦးကျောင်း ဆရာတော် ပေးထားတဲ့ လက်ဖွဲလေးလေ( အန္တရာယ် ကင်းမကင်းတော့ အဲဒီအချိန်ကျမှ စမ်းရမှာဗျ ရွာကလူတွေကတော့ အဲဒီ အဆောင်တွေ လက်ဖွဲ့တွေ ယုံကြတယ်ဗျ )
၇။ ဘာတွေရေးမိမလဲမသိဘူးနော်
အဖော်ကောင်မလေးကို တက်တူးထိုးပေးချင် ထိုးပေးနေမိမှာ…(ကျွန်တော်က အဲလိုတောင်ခြစ်မြောက်ခြစ်တော့ ဝါသနာပါတယ်ဗျ အိမ်မှာဆို ရေနွေးအိုးတောင် မချန်ဘူး လက်တဲ့ စမ်းထားတာလေ)
၈။ တွေးမိတွေးရာအတွေး
အော်….. လူဖြစ်ရတဲ့ဒုက္ခ
၉။ ဂုဏ်ယူချင်တာက
နောက်ဆုံးအချိန်ထိတောင် ကောင်မလေးကို တက်တူးထိုးပေးနေရတာ ဂုဏ်ယူစရာကြီးနော်)
၁၀။ ရှာကြံဖြေသိမ့်မိတာက
ဘာပဲပြောပြော ဒုတိယ ကမ္ဘာကိုစတင်မယ့် အာဒံနဲ့ ဧဝ ဖြစ်ချင်ဖြစ်နေအုံးမှာဗျ။
၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း
အဟီး အဲဒါတော့ သိပ်နားမလည်ဘူး ကျော်သွားလိုက်မယ်နော်…
၁၂။ မှာချင်တဲ့မှာတမ်း
မှာတော့မှာချင်တယ်ဗျ… ဒါပေမယ့် ကျွန်တော့်ကောင်မလေးက မေ့တတ်တယ်ဆိုတော့ မှာတော့ပါဘူးဗျာ…
Showing posts with label Tag Posts. Show all posts
Showing posts with label Tag Posts. Show all posts
ကမ္ဘာကြီးကို ဘယ်သူဖျက်မှာတုန်းဗျ ... (ကျွန်တော်ဟုတ်ဘူးနော်)
Labels:
Tag Posts
သုညကမ္ဘာကို လာလည်သူတိုင်း ပျော်ရွှင်ပါစေ...
Subscribe to:
Posts (Atom)