Just a blogger's zerozone

အပျင်းပြိုင်ချင်ကြပါသလား.....

ဒီဘလော့လေးကို ရေးမယ်လို့ကြံရွယ်တိုင်း အလုပ်တွေက ဆက်တိုက်ဆိုသလို ဝင်လာတတ်ပါတယ်ဗျ...
အခုလဲ အလုပ်ထဲမှာ ခွင့်မရတာ တစ်လကျော်နေပါပီဗျာ...
ခါတိုင်းဆို တစ်ပတ်တစ်ရက်နားရရင်တောင် အပျင်းထူပြီး အလုပ်ကို မသွားချင်တဲ့သူက အခုကျတော့လဲ အပိုးလေးကျိုး အမြီးလေးကုပ်ပြီး နားရက်မရှိ တစ်လခွဲ ဆက်တိုက် အလုပ်လုပ်နေရတယ်ဗျာ.....

ကျွန်တော့်မှာ ပျင်းချိန်တောင်မရဘူးဗျာ....
ပျင်းချိန်ရရင်တော့ ပျင်းချင်သေးသဗျ....
ပျင်းတယ်ဆိုတာ နည်းတဲ့ ဇိမ်လားဗျာ... ပျင်းတယ်ဆိုတဲ့ အရသာကို ပျင်းဘူးတဲ့ သူတွေမှသိတာကိုး...
ပျင်းတဲ့အလုပ်က နာမည်လေးပဲ မဆိုစလောက်လေးဆိုးပြီး လူက အင်မတန်ကို သက်သာတဲ့ အလုပ်လေ...
ကျွန်တော်ပျင်းချင်တာ အပြစ်လားဗျာ....

ကျွန်တော်ကြားဘူးတဲ့ အပျင်းပြိုင်ပွဲလေး ကြုံရင် ဝင်ပြိုင်သွားကြပါဗျာ...
ကျွန်တော်ကတော့ အပျင်းပြိုင်ပွဲဝင်ဖို့တော့ နည်းနည်းပျင်းနေသလားလို့းးး)))

တစ်ခါတုန်းက လူပျင်းတွေနေတဲ့ ရွာတစ်ရွာမှာ ရွာသားတွေက ပျင်းလွန်းလို့ ရွာသူကြီးက တော်တော် စိတ်ညစ်ရတယ်တဲ့...
သူ့ရွာသားတွေကို မပျင်းမရိအောင် ဘယ်လိုမှ ပြောဆိုဆုံးမလို့မရဘူးတဲ့ဗျ...
ဘယ်ဆုံးမလို့ရမလဲဗျာ ရွာလူကြီးကိုယ်တိုင်က ရွာသားတွေကို အစည်းအဝေးလုပ်တာက သူ့စိတ်ကူးထဲမှာလေ အပြင်မှာက တစ်ခါဘူးမှ အစည်းအဝေးခေါ်ဘူးတာမှမဟုတ်တာကိုး..... အစည်းအဝေးကိစ္စတွေကို စိတ်ကူးထဲမှာ တစ်လ တစ်ခါလောက်လုပ် သူဆိုတဲ့ အဆို သူတင်သွင်းပြီး သူပဲပြန်ထောက်ခံတာတဲ့....

ဒါပေမယ့် တနေ့ကျတော့ ရွာသားတွေထဲမှာ ဘယ်သူက အပျင်းအထူဆုံးလဲဆိုတာကို စမ်းသပ်ချင်တာနဲ့
အပျင်းပြိုင်ပွဲလုပ်မယ်ဆိုပြီး ရွာသားတွေကို အိမ်စေ့တက်စေ့ ပြိုင်ပွဲဝင်ဖို့ ဖိတ်တယ်ဗျ...
ပထမဆုံးသူ့ဘေးအိမ်က မောင်သာပျင်းကို စပြီး သတင်းဖြန့်ခိုင်းမယ်ဆိုပြီး မောင်သာပျင်းအိမ်ထဲကိုရောက်သွားတော့ မောင်သာပျင်းက အိမ်ထရံကိုမှီပြီး တစုံတခုကို အသည်းအသန်စဉ်းစားတာဗျ...

"ဟေ့မောင်သာပျင်း ရွာမယ် အပျင်းပြိုင်ပွဲလုပ်မယ် စိတ်ကူးတယ် ရွာသားတွေကို လိုက်ပြီး ဆော်သြချေတော့" လို့ပြောတော့ မောင်သာပျင်းက ပြန်ပြောလိုက်တာက
"သူကြီးရယ် အေးအေးနေစမ်းပါ ကျုပ်ပြိုင်ပွဲမဝင်ပါရစေနဲ့ ပြိုင်ပွဲဝင်ရမှာ ပျင်းလွန်းလို့ပါဗျာတဲ့"....

ခုလောလောဆယ် အဲဒီရွာမှာ ခဏလောက်သွားနေကြည့်ချင်သေးတယ်ဗျ...
မနားမနေ အလုပ်တွေ လုပ်နေရတာ ပင်ပန်းနေပီဗျာ...
ဘယ်နားရှိမှန်းမသိလို့ သိတဲ့သူရှိရင် လမ်းညွှန်ကြပါအုံးဗျာ.....

သုညကမ္ဘာကို လာလည်သူတိုင်း ပျော်ရွှင်ပါစေ...
အညတြလေးရဲ့အိမ်မှာ