Just a blogger's zerozone

အညတြလေးနဲ့ ဘလော့ဂင်းခရီး

အညတြလေး ဘယ်သို့ဘယ်ပုံ ဘလော့ရေးဖြစ်ပါသလဲဆိုတာ ကိုယ်တိုင် စမ်းစစ်ကြည့်လိုက်တော့ ဂျဲလမက်ပိုးတွေ..... ဂျဲလမက်ပိုးတွေက စလို့ပေါ့....

အညတြက အိမ်မှာ သားအငယ်ဆုံး အဆိုးဆုံး... အပေဆုံး အတေဆုံး....
အကိုတွေက ချစ်တော့လဲ ဆိုးတာပေါ့...
ဆိုးချက်က ကမ်းကိုကုန်ရော.....
ဒါပေမယ့် မွေးရာပါ အားနည်းချက်က လူချစ်လူခင် အင်မတန်ပေါခြင်းပါ.....
ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ပေပေ အားလုံးက ချစ်ကြ ခင်ကြ ဂရုစိုက်ကြပါတယ်....

အညတြရဲ့ ဘလော့ဂင်း အသိုင်းအဝိုင်းကလဲ နောက်ခံကောင်းလွန်းလို့ ဆွေကြီးမျိုးကြီးတွေကြားက မွေးဖွားလာတယ်ပြောရင် ကြွားရာကျမှာလဲစိုးပါတယ်....

အကိုကြီးက နာမည်ကျော် ဘလော့ဂါ ဘလော့ဂင်းမာစတာကြီး...
အကိုလေးက အရင်တုန်းက အပျင်းပြေ ဘလော့ရေးသူတစ်ယောက်...
အခုတော့ ပျင်းချိန်မရလို့ ဘလော့ရေးခြင်းကို ခဏရပ်ထားပါတယ်....
ပြီးတော့ အညတြရဲ့ ချစ်သူ နှစ်ဝမ်းကွဲကလဲ နာမည်ကျော် ဘလော့ဂါမလေးတစ်ယောက်...
ဒါပဲလားလို့ မမေးနဲ့အုံး ကျန်သေးတယ်ဗျ....
သူငယ်ချင်း သုံးဝမ်းကွဲ တစ်ယောက်ကလဲ ခပ်တည်တည်နဲ့ ဘလော့ရေးနေသေးတယ်ဆိုပဲ....

ပြီးတော့ ဟိုတလောလေးကပဲ ဘလော့ဂါကောင်မလေး တစ်ယောက်ကို နှုတ်ဆက်မိတော့ သူက နင်က ဘယ်ဘလော့ကလဲလို့ ပြန်မေးလာတော့ အညတြလေးက စိတ်လဲဆိုးမိသေးတယ်ဗျ....
ဒါပေမယ့်လဲ အားကျမခံ ချစ်သူနှစ်ဝမ်းကွဲရဲ့ ဘလော့နာမည်နဲ့ပဲ သူ့ကို မိတ်ဆက်လိုက်ရတာပေါ့...
ဘလော့ဂါတွေကလဲ ဆိုးတယ်ဗျာ ဘလော့ဂါမဟုတ်ရင်ပဲ စကားမပြောချင်သလို မခေါ်ချင်သလို မပြောချင်သလိုကိုးဗျ...

ကြာလာတော့ အညတြလေးလဲ ပိုးဝင်လာပါလေရော...
ပိုးကတော့ သိတဲ့အတိုင်းပဲ ထိန်းမနိုင် သိမ်းမရ မနာလိုဖြစ်တဲ့ ဂျဲလမက်ပိုးဗျ....

တစ်ယောက်ပီးတစ်ယောက် ရေးလိုက်ကြတဲ့ ပို့စ်တွေ အကိုကရေးလိုက် သူငယ်ချင်းကရေးလိုက် ချစ်သူ နှစ်ဝမ်းကွဲကရေးလိုက်နဲ့ အညတြလေးကိုတော့ ပစ်ထားကြတယ်ဗျ....

ချစ်သူနှစ်ဝမ်းကွဲကဆိုရင် ဘလော့သာရေးနေရရင် ထမင်းမစား ဟင်းမစား အညတြလေးကိုလဲ ပစ်လိုပစ်ထားဆိုတော့ သူတို့ကို စိတ်ဆိုးမိတာပေါ့....

ဒါနဲ့ပဲ ရာဇသံပေးလို့ ဘလော့ရေးမယ်ဗျဆိုတော့ အားပါးပါး ဟန်က ကျနေရောဗျာ...

အစ်ကိုဖြစ်တဲ့ ဘလော့မာစတာကြီးက ဘလော့အိမ်လေးဆောက်ပေးလို့ ချစ်သူနှစ်ဝမ်းကွဲက အိမ်လေးကို နာမည်ရွေးပေးလို့... နတ်တို့ဖန်တော့ ရေကန်အသင့်ကြာအသင့်ဗျ.....

အညတြဆိုတဲ့ ရွှေကိုယ်တော်လေးက ကွန်ပြူတာလေးဖွင့်ပြီး စာလေးရေးရုံပဲ အားစိုက်ရသဗျ.....
ဒါနဲ့ပဲ အရှေ့မရောက် အနောက်မရောက် အရှေ့အလယ်ပိုင်းမှာ ယာယီစံမြန်းနေတဲ့ အညတြလေးလဲ ဘလော့ဂါလေးဖြစ်ရောပေါ့ဗျာ...

အခုလောလောဆယ်တော့ ဒီအိမ်လေးက ပြင်ဆင်တည်ဆောက်ကာစ အသစ်စက်စက်...
အညတြလေးကလဲ အရှေ့မရောက် အနောက်မရောက် တိုင်းပြည်လေးမှာ အလုပ်တွေက ရှုပ်ဆိုတော့...
အေးအေးဆေးဆေးမှပဲ ပို့စ်ကောင်းလေးတွေ ရေးပါမယ်....

အခုတော့ မအားတဲ့ကြားကပဲ ဘလော့ဂင်းးခရီးလေးအကြောင်းကို ရေးလိုက်ပါတယ်....


သုညကမ္ဘာကို လာလည်သူတိုင်း ပျော်ရွှင်ပါစေ...
အညတြလေးရဲ့အိမ်မှာ

5 comments:

Angel Shaper said...
September 28, 2009 at 1:48 AM

တစ် တစ် တစ်

Angel Shaper said...
September 28, 2009 at 1:49 AM

နှစ် နှစ် နှစ်

Angel Shaper said...
September 28, 2009 at 1:49 AM

သုံး သုံး သုံး

Angel Shaper said...
September 28, 2009 at 1:54 AM

အောင်မယ် အောင်မယ်။။။။။။။
ဘယ်ဘလော့ကလဲ လို့ မမေးပါဘူးနော်။
ဟယ်.... အကိုလဲ ဘလော့ရေးတာလား၊ ဘာနာမည်နဲ့လဲ လို့ပဲမေးတာပါနော်။ ဟွန်းးးးးးးးးး
ဘာတုန်းးးးး ဘလော့ဂါမဟုတ်ရင် မခေါ်ချင်သလိုလို၊ မပြောချင်သလိုလိုလို့ ပြောစရာလား။ မပြောလိုက်ချင်ဘူး။ မေးပဲမေးတဲ့ဟာကိုနော်။။။။ ဟွန်းးးးးးး
နောက်တစ်ခါ အိမ်လာကြည့် စားမဲ့ ခေါက်ဆွဲကြော်ထဲ ငရုပ်သီးတွေ အပုံလိုက် ခိုးထည့်ထားမယ်။ ဟင်းဟင်းးးးဟင်းးးးးးးး

Angel Shaper said...
September 28, 2009 at 1:58 AM

အောင်မြတ်လေးးးးးးးးးးးးး
အကိုတော် အညတြရယ်.......
အင်အားတွေ ကုန်ခမ်းနေဦးမယ်။ ပင်ပန်းနေဦးမယ်။
ဘလော့ဂင်းပုံကိုပြောပါတယ်တော်။။။။။။
ဟူးးးးးးးးးးးးး မနိုင်ပါလားနော်။

Post a Comment